Annual General Meeting
ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အထွေထွေအစည်းအဝေးများသည် ကျွန်ုပ်တို့ကုမ္ပဏီအတွက် အလွန်အရေးကြီးပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ရှယ်ယာရှင်အားလုံးအတွက် MFD PCL ၏ အနာဂတ်ကို ပူးပေါင်းပါဝင်ဆုံးဖြတ်ရန် ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အရေးဖြစ်သည်။ ကျွန်ုပ်တို့တွင် အစုရှယ်ယာရှင် ၅၆၁ ဦးရှိပြီး ၎င်းသည် အဖွဲ့အစည်းဆိုင်ရာနှင့် တစ်ဦးချင်းဆိုင်ရာ ရှယ်ယာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ကြီးမားသော တာဝန်တစ်ရပ်ဖြစ်စေပါသည်။
MFD PCL ကုမ္ပဏီသည် ၎င်း၏ ပြီးစီးခဲ့သော နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် အထူးဧည့်သည်တော်များသည် အစည်းအဝေးကို တိုက်ရိုက်တက်ရောက်ခြင်း နှင့် အစုရှယ်ယာရှင်များမှ Online Application (Teams) မှတစ်ဆင့် တက်ရောက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ လာမည့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
အစုရှယ်ယာရှင်များသို့ အသိပေးခြင်း
၁။ MFD Public Co., Ltd. ၏ ဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်းအား Microsoft Teams ဖြင့်အသုံးပြု၍ အစုရှယ်ယာရှင်များမှ တိုက်ရိုက် LIVE ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ Microsoft Teams ကို အသုံးပြု၍ နည်းလမ်း (၃)ခုဖြင့် တက်ရောက်နိုင်ပါသည်-
(က) Smart Mobile Phone တွင် Microsoft Teams Application ကို ထည့်သွင်း၍ တက်ရောက်ခြင်း
(ခ) Laptop/ Computer တွင် Microsoft Teams Application ကို ထည့်သွင်း၍ တက်ရောက်ခြင်း
(ဂ) Laptop/ Computer တွင် Browser မှတဆင့် တက်ရောက်ခြင်း
သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များမှ မိမိတို့အသုံးပြုသည့် Mobile phone သို့မဟုတ် Laptop တို့တွင် ကြိုတင်၍ Software Installation ပြုလုပ် ဆောင်ရွက်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ယင်း Installation အတွက် လိုအပ်သော ဆောင်ရွက်ရန်အဆင့်များအား ပူးတွဲဖော်ပြထားပါသည်။
၂။ Microsoft Teams Application ဖြင့် Live Streaming အစည်းအဝေးတက်ရောက်မည့်သူများအတွက် Meeting Link အား MFD Public Viber Community နှင့် ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော www.mfd.com.mm တွင် ထပ်မံကြေငြာပေးပို့ပါမည်။
၃။ Microsoft Teams အသုံးပြု၍ အစည်းအဝေးတက်ရောက်ရန် အခက်အခဲရှိသည့် အစုရှယ်ယာရှင်များ အတွက်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှုအင်တာနက်လိုင်း ပြတ်တောက်ခဲ့လျှင် သော်လည်းကောင်း၊ အဆင်ပြေစေရန် MFD Public Viber Community ၌ အချိန်နှင့် တစ်ပြေးညီ အစည်းအဝေး အစီအစဉ်များကို တင်ပြသွားဖြစ်ကြောင်းနှင့် ပြတ်တောက်မှုအတွက် အစည်းအဝေးပြီးဆုံးချိန် နောက်ပိုင်း တွင်လည်း ပြန်လည်ကြည့်ရှုနိုင်ရန်အတွက် အစည်းအဝေးရလာဒ်များအား တင်ပြ ပေးသွားမည်ဖြစ်ပါသည်။
၄။ အစည်းအဝေးတက်ရောက်ရာတွင် အသုံးပြုမည့် Microsoft Teams အသုံးပြုပုံကို PDF နှင့်တကွဖော်ပြပေးထားပါသည်။ PDF ကို download ၍ Microsoft Teams အသုံးပြုပုံကို လေ့လာနိုင်ပါသည်။ Download PDF here

ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဖိတ်ကြားလွှာ
[10:00—11:30 (GMT+06:30)] join via this link