Skip to Content

ကျွန်ုပ်တို့၏ အထွေထွေအစည်းအဝေးများသည် ကျွန်ုပ်တို့ကုမ္ပဏီအတွက် အလွန်အရေးကြီးပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ရှယ်ယာရှင်အားလုံးအတွက် MFD PCL ၏ အနာဂတ်ကို ပူးပေါင်းပါဝင်ဆုံးဖြတ်ရန် ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အရေးဖြစ်သည်။ ကျွန်ုပ်တို့တွင် အစုရှယ်ယာရှင် ၅၆၁ ဦးရှိပြီး ၎င်းသည် အဖွဲ့အစည်းဆိုင်ရာနှင့် တစ်ဦးချင်းဆိုင်ရာ ရှယ်ယာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ကြီးမားသော တာဝန်တစ်ရပ်ဖြစ်စေပါသည်။

MFD PCL ကုမ္ပဏီသည် ၎င်း၏ ပြီးစီးခဲ့သော ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် အထူးဧည့်သည်တော်များသည် အစည်းအဝေးကို တိုက်ရိုက်တက်ရောက်ခြင်း နှင့် အစုရှယ်ယာရှင်များမှ Online Application (Teams) မှတစ်ဆင့် တက်ရောက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ 

ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်များကို download ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါသည်။

Download Here