Skip to Content


         ဥက္ကဋ္ဌ၏ ဥယျောဇဉ်


လေးစားအပ်ပါသော အစုရှယ်ယာရှင်များခင်ဗျား၊

စိန်ခေါ်မှုများမှ ခြေလှမ်းသစ်ဆီ

ဘဏ္ဍာရေးနှစ်သစ်တွင် MFD အများပိုင်ကုမ္ပဏီလီမိတက်မှ အစုရှယ်ယာရှင်များ အားလုံးနှင့် ဝန်ထမ်းမိသားစု ဝင်များအား လုံးကို လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြီးခဲ့သည့် ကာလများ သည် ပြည်တွင်းစီးပွားရေး အခြေအနေများ၏ စိန်ခေါ်မှုများနှင့် အတား အဆီးများကြားမှ ကျွန်ုပ်တို့၏ ခိုင်မာသောရ ပ်တည်မှုကို ပြသနိုင်ခဲ့သည့် အချိန်ကာလ တစ်ခုဖြစ်ခဲ့ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များ၊ အုပ်ချုပ်မှုအဖွဲ့နှင့် ဝန်ထမ်းများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ကောင်းမွန်သော ငွေကြေးစီမံခန့်ခွဲမှုနှင့် မဆုတ်မနစ်သော ကြိုးပမ်း အားထုတ်မှုများ ကြောင့် လုပ်ငန်းများကို တည်ငြိမ်စွာ ဆက်လက်ဖော်ဆောင်နိုင်ခဲ့ပါသည်။


လုပ်ငန်းအောင်မြင်မှု၊ အကျိုးခံစားခွင့်နှင့် စီမံအုပ်ချုပ်မှု

အစုရှယ်ယာ အမြတ်ဝေစု ခွဲဝေမှု (Dividend Distribution)

အစုရှယ်ယာရှင်များ၏ အကျိုးစီးပွားကို ဦးစားပေးသည့်အနေဖြင့် ကုမ္ပဏီ၏ အမြတ်အစွန်းများပေါ် မူတည်၍၊ သတ်မှတ်ထားသော အမြတ်ဝေစုများကို ခွဲဝေပေးနိုင်ရန် နှစ်စဉ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးခိုင်မာမှုနှင့် လုပ်ငန်းရှင်သန်မှုကို အခြေခံ၍ ယခုနှစ်အတွက်လည်း အမြတ်ဝေစု ဖြစ်နိုင်သမျှ ခွဲဝေပေးနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

ကော်ပိုရိတ် စီမံအုပ်ချုပ်မှု (Corporate Governance) နှင့် ပွင့်လင်းမြင်သာမှု

MFD သည် အများပိုင်ကုမ္ပဏီ၏ စံနှုန်းများနှင့်အညီ ကောင်းမွန်သော ကော်ပိုရိတ် စီမံအုပ်ချုပ်မှု စနစ်ကို တသမတ်တည်း ကျင့်သုံးပါသည်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် ကျင့်ဝတ်လိုက်နာမှု တို့သည် ကျွန်ုပ်တို့၏ အဓိကမူများဖြစ်ပါသည်။ ဒါရိုက်တာ အဖွဲ့သည် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက် ချမှတ်မှုများကို စနစ်တကျ ပြုလုပ်ခြင်းဖြင့် ကုမ္ပဏီ၏ ရေရှည်တိုးတက်မှုနှင့် အစုရှယ်ယာရှင်များ၏ အကျိုးစီးပွားကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။


စီမံကိန်းတိုးချဲ့မှုများနှင့် လူမှုရေးတာဝန်ယူမှု

စီမံကိန်းများ ချဲ့ထွင်ခြင်း (Project Expansion)

ကျွန်ုပ်တို့၏ မူလလုပ်ငန်းဖြစ်သော မြေယာဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသ၏ ဖွံ့ဖြိုးမှုကို ပိုမိုပံ့ပိုးရန် အတွက် အခြေခံအဆောက်အအုံလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

  • ကွန်ကရစ်ရောစပ်စက်ရုံ (Batching Plant): စီမံကိန်းများ၏ အရည်အသွေးကို မြှင့်တင်ရန် တည်ဆောက်ခဲ့သည့် Batching Plant သည် စက်မှုဇုန်အတွက်သာမက မြိတ်မြို့နယ် တစ်ခုလုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက်ပါ ကွန်ကရစ်လို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တိုးချဲ့ဝန်ဆောင်မှုပေးနိုင်စေရန်အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိပါသည်။
  • နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်း (Solar Electricity Projects): စက်မှုဇုံအတွင်းရှိ အသုံးမပြုရသေးပဲ အခြားအသုံးဝင်တန်ဘို့နည်းပါသေည မြေယာများကိုအသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို လျော်ညီစွာ ဇုံးအတွင်း လျပ်စစ်စွမ်းအင်ဖူလုံစေရန် ရည်ရွယ်စတင်ခဲ့သည့်လုပ်ငန်းသည် စက်မှုဇုန်နှင့် အိမ်ရာများ သို့သာမက မြိတ်မြို့နယ်တစ်ဝန်းလုံးသို့ပါ လျှပ်စစ်စွမ်းအင် ဖြန့်ဖြူး ပေးနိုင်ရန် ဖြစ်နိုင်စွမ်း စီစစ်လျက် တိုးချဲ့ဆောင် ရွက်သွားရန်စီမံလျက်ရှိပါသည်။

ကော်ပိုရိတ် လူမှုရေး တာဝန်ယူမှု (CSR Matters)

ကျွန်ုပ်တို့သည် ဒေသခံလူမှု အသိုက်အဝန်းအပေါ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပါသည်။ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် ဒေသခံများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက် ရေးကို အစဉ်အမြဲ ထောက်ကူလျက်ရှိပါသည်။ နိုင်ငံတော်၏ အခွန်အခများကို ပြည့်ပြည့်ဝဝ ပေးဆောင်ခြင်းဖြင့်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တာဝန်သိစွာ ပါဝင်နေ ပါသည်။

နိဂုံးချုပ်နှင့် အနာဂတ်မျှော်မှန်းချက်

MFD သည် မြိတ်ဒေသခံများ၏ အကျိုးကို ရှေးရှုပြီး မြိတ်၏ အိပ်မက်များကို အကောင် အထည်ဖော်သူ အဖြစ် ခိုင်မာစွာ ရပ်တည်သွားမည်ဟု ကတိပြုအပ်ပါသည်။ အစုရှယ်ယာရှင်များ၏ ယုံကြည်မှု နှင့် ပူးပေါင်းပါဝင်မှုသည် ကျွန်ုပ်တို့၏ အင်အားဖြစ်သည်။ နောင်လာမည့် ကာလများ တွင်လည်း MFD သည် ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အစုရှယ်ယာရှင်များအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အကျိုးအမြတ်များကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော် လင့်ပါသည်။

လေးစားစွာဖြင့်၊

U Yin Win Naing

 ဥက္ကဋ္ဌ၊ MFD အများပိုင်ကုမ္ပဏီလီမိတက်