Skip to Content

ကော်ပိုရိတ် စီမံအုပ်ချုပ်မှု (Corporate Governance)


MFD PCL သည် အများပိုင်ကုမ္ပဏီ၏ စံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာမှု (Transparency)၊ ကျင့်ဝတ်လိုက်နာမှု (Ethical Conduct) နှင့် တာဝန်ယူမှု (Accountability) အပြည့်ဖြင့် လုပ်ငန်းများကို စီမံအုပ်ချုပ်ပါသည်။

ဒါရိုက်တာအဖွဲ့: ဒါရိုက်တာအဖွဲ့ဝင် (၇) ဦးဖြင့် ဖွဲ့စည်းထားပြီး ကုမ္ပဏီ၏ မဟာဗျူဟာမြောက် ဦးဆောင်မှု၊ မူဝါဒချမှတ်မှုနှင့် လုပ်ငန်းကြီးကြပ်ကွပ်ကဲမှုများကို တာဝန်ယူ ဆောင်ရွက်ပါသည်။

စီမံအုပ်ချုပ်မှု မူဝါဒများ : ကောင်းမွန်သော ငွေကြေးစီမံခန့်ခွဲမှု၊ စီမံအုပ်ချုပ်ရေး ကျွမ်းကျင်မှုနှင့် လုပ်ငန်းကျင့် ဝတ်ဆိုင်ရာ စံနှုန်းများလိုက်နာလျက်ကုမ္ပဏီကို စနစ်တကျ ဦးဆောင်နေပါသည်။


ဒါရိုက်တာအဖွဲ့၏ ကိုယ်ရေးအချက်အလက်များ


U Yin Win Naing

Chairman

  • ၂၀၀၃ ခုနှစ်မှ စတင်၍ ငွေအဏ္ဏဝါကုမ္ပဏီလီမိတက်တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

  • ၂၀၁၄ ခုနှစ်တွင် Kawthaung Regional Development PCL ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

  • ၂၀၁၅ ခုနှစ်မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

  •  

U Kyaw Win

Vice- Chairman

  • ၁၉၉၂ ခုနှစ်တွင် “Royal Rearl” သောက်ရေသန့်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

  • ၁၉၉၇ ခုနှစ်တွင် “ပုလဲဧကရီ” ဟိုတယ်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။

  • ၂၀၁၀ ခုနှစ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း (Pearl Princess Travel & Tour Co.,Ltd.) ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ 

  • ၂၀၁၄ ခုနှစ် မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

U Tin Nyunt

Managing Director

  • ၁၉၉၁ ခုနှစ်တွင် ထိပ်တန်း စတိုးဆိုင်လုပ်ငန်းကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။

  • ၂၀၁၈ ခုနှစ်တွင် Myeik Myint Mo Investment Co.,Ltd.  ၏ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

  • ၂၀၁၄ ခုနှစ်မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

U Bhone Win

Director

  • ၁၉၈၈ ခုနှစ်တွင် အိမ်တွင်းစက်မှုလုပ်ငန်းကိုထူထောင်၍လုပ်ကိုင်ခဲ့သည်။

  •  ၁၉၉၇ ခုနှစ်မှစ၍ ရေလုပ်ငန်းရှင်တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

  • ၂၀၁၅ ခုနှစ်တွင် မြတ်မြတ်ဦး ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

  • ၂၀၁၈ ခုနှစ်တွင် Myeik Myint Mo Investment Co.,Ltd.  ၏ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

  • ၂၀၁၄ ခုနှစ်မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

U Win Min Lwin

Director

  • ၁၉၉၅ ခုနှစ်တွင် အိမ်တွင်းစက်မှု(အထွေထွေလျှပ်စစ်ပြုပြင်ရေး)လုပ်ငန်းကိုထူထောင်၍ လုပ်ကိုင်ခဲ့သည်။

  • ၂၀၁၈ ခုနှစ်တွင် Myeik Myint Mo Investment Co.,Ltd.  ၏ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

  • ၂၀၁၄ ခုနှစ်မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ 

  •  

U Kyaw Zaw Win 

Finance Director

  • ၁၉၉၄ ခုနှစ်မှစ၍ သိန်းသန်းကုဋေ ဒိုင်နမိုပြုပြင်ရေးလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ 

  • ၂၀၁၅ ခုနှစ်တွင် မြတ်မြတ်ဦး ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

  • ၂၀၂၂ ခုနှစ်မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ 

U Ban Hein

Director

  • ၂၀၁၉ ခုနှစ်မှစ၍ Premium Car Workshop လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။


  • ၂၀၂၂ ခုနှစ်မှစ၍ MFD PCL ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

လွတ်လပ်သောဒါရိုက်တာများ (Independent Directors)

U Tin Maung Swe 

Independent Director

  • ၁၉၇၁ ခုနှစ်တွင် မူလတန်းဆရာဖြစ်သင်တန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆရာအတတ်သင် ကျောင်း၌ တက်ရောက်အောင်မြင်ခဲ့သည်။

  • ၁၉၇၂ ခုနှစ်မှစ၍ ပညာရေးဌာနတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အလယ်တန်းဆရာဖြစ်သင်တန်းကို မန္တလေးမြို့ ဆရာအတတ်သင်သိပ္ပံတွင် တက်ရောက် အောင်မြင်ခဲ့သည်။

  • ၁၉၇၇ မှ ၁၉၈၂ ခုနှစ်အထိ အလယ်တန်းပြဆရာအဖြစ် ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့၍ ၁၉၈၇ ခုနှစ်တွင် အထက်တန်းပြရာထူးဖြင့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။

  • ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အလယ်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှစ၍ မြိတ်မြို့၊ အထက(၁)တွင် အထက်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အသက်(၆၀)ပြည့် အငြိမ်းစားပင်စင်ယူခဲ့ပါသည်။

  • ၂၀၁၅ ခုနှစ်မှစ၍ ယနေ့အထိ မြိတ်မြို့၊ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။

  • ၂၀၁၇ ခုနှစ် မတ်လမှစ၍ MFD Public Co.,Ltd. ၏ Nomination ကော်မတီတွင် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ Independent director တစ်ဦးအဖြစ်လည်းကောင်း   ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

Daw Khin Aye

Independent Director

  • ၁၉၈၂ ခုနှစ်မှစ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြိတ်မြို့တွင် အငယ်တန်းစာရေးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

  • အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြိတ်မြို့တွင် ရာထူးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ခရိုင်ဦးစီးအရာရှိရာထူးဖြင့် အသက်(၆၀)ပြည့် အငြိမ်းစားပင်စင်ယူ ခဲ့ပါသည်။

  • ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ MFD Public Co., Ltd. ၏ Nomination ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ Independent director တစ်ဦးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ကော်ပိုရိတ် လူမှုရေး တာဝန်ယူမှု (CSR)


MFD PCL သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရည်ရွယ်၍ စတင်တည်ထောင်ခဲ့သော လုပ်ငန်းစုဖြစ်သည့်အလျောက်၊ လူမှုအသိုက်အဝန်းအပေါ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခြင်းကို အထူးအလေးထားပါသည်။ ကျွန်ုပ်တို့အနေဖြင့်

စီးပွားရေးတာဝန်ယူမှု၊ ဥပဒေလိုက်နာမှု၊ ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုနှင့် လူမှုအကျိုးပြု တာဝန်ယူမှုဟူသော ကော်ပိုရိတ် လူမှုရေး တာဝန်ယူမှု (CSR) ၏ ရှုထောင့်အားလုံးမှ အပြည့်အဝလိုက်နာဆောင်ရွက်ရန် ခိုင်မာသော ကတိကဝတ်ထားရှိဆောင်ရွက်ပါသည်”။

ကျွန်ုပ်တို့၏ လူမှုအကျိုးပြု လုပ်ငန်းများသည် ဒေသခံလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ထို့အပြင်၊ လုပ်ငန်းအမြတ်အစွန်းမှ သတ်မှတ်ထားသော အစိတ်အပိုင်းကို ဒေသအကျိုးပြု လုပ်ငန်းများအတွက် နှစ်စဉ် စနစ်တကျ ခွဲဝေသုံးစွဲလျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့် MFD အများပိုင်ကုမ္ပဏီလီမိတက်သည် မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အင်အားဖြစ် လာစေရန်၊ ဒေသခံပြည်သူများ၏ ယုံကြည်အားထားမှုကို ခံယူကာ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု အပြည့်ဖြင့် ရေရှည်တည်တံ့မည့် စီးပွားရေးနှင့် လူမှုရေး အကျိုးစီးပွားများကို ဖော်ဆောင်ပေးမည့် ဒေသခံလုပ်ငန်းစု ကြီးတစ်ခု အဖြစ် ရပ်တည်လျက်ရှိပါကြောင်း တင်ပြ အပ်ပါသည်။