Skip to Content


ကျွန်ုပ်တို့၏ ခံယူချက်နှင့် ကတိကဝတ်


MFD PCL သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ လူမှုအသိုက်အဝန်း၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများအတွက် တာဝန်ယူမှု အပြည့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ MFD အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသခံပြည်သူများ၏ တာဝန်ဖြစ်သည်ဟု ခံယူကာ စီးပွားရေးလုပ်ငန်းများအပြင် ဒေသခံလူထုအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် လူမှုအကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် စီးပွားရေး၊ ဥပဒေရေးရာ၊ ကျင့်ဝတ်ဆိုင်ရာနှင့် လူမှုအကျိုးပြု တာဝန်ယူမှုဟူသော CSR ၏ အဆင့် (၄) ဆင့်လုံးကို အပြည့်အဝလိုက်နာဆောင်ရွက်ရန် ခိုင်မာသော ကတိကဝတ်ထားရှိပါသည်။

 

  
photo1 
 
 
 

မှတ်တမ်းတင်ထားသော လူမှုအကျိုးပြု လုပ်ငန်းများ

 
 

လမ်း/တံတား၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း

၁၃-၁၂-၂၀၂၁

ကျူးကျော်နေထိုင်သူများ ပြောင်းရွှေ့နေရာချထားခြင်း

မြိတ်စီးပွားရေးဇုန်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား အိမ်ထောင်စုတစ်စုချင်းအလိုက် (25'x50') အကျယ် မြေကွက် (၁) ကွက်စီ ပေးအပ်ကာ သင့်တော်သည့် နေရာသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်း၊ ဆန်၊ ဆီ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၆ (ဧပြီ/ဇူလိုင်)

ကမ်းသာယာကျေးရွာ အစားထိုး အိမ်ရာနှင့် မြေကွက်များ ပေးအပ်ခြင်း

မြိတ်စီးပွားရေးဇုန်၊ ကမ်းသာယာကျေးရွာရှိ ဒေသခံများအား အစားထိုးရန်အတွက် (30’x50’) မြေကွက်ပေါ်တွင် တစ်ထပ်တိုက်၊ လုံးချင်းအိမ်ရာ (၃၉) လုံးနှင့် အစားထိုးမြေကွက် (၂၁) ကွက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်

ငွေပုလဲ အမှတ်(၂) လမ်းမကြီး ဖောက်လုပ်လှူဒါန်းခြင်း

မြိတ်စီးပွားရေးဇုန်နှင့် မြိတ်မြို့ပတ်(၂)လမ်း တို့အား ဆက်သွယ်ထားသည့် လမ်းအရှည် (36’x3625’) ရှိသော ငွေပုလဲအမှတ်(၂) လမ်းမကြီးအား ကျပ်သိန်း (၂၆၈၄) ကျော် ကုန်ကျခံ၍ ဖောက်လုပ်လှူဒါန်းခဲ့ပါသည်။

ပရဟိတနှင့်ဒေသဖွံ့ဖြိုးရေး လှူဒါန်းငွေများ

၃၀-၆-၂၀၁၇

ကမ်းသာယာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်လှူဒါန်းခြင်း

မြိတ်မြို့နယ်၊ ကမ်းသာယာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမြေ (၁) ဧကပေါ်တွင် ကျောင်းဆောင်ဆောက်လုပ်၍ နန္နဝံသ ဘုန်းကြီးကျောင်း ဆရာတော်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်

ကမ်းသာယာကျေးရွာ စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းခြင်း

ဒေသတွင်း ပညာရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကမ်းသာယာကျေးရွာရှိ စာသင်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

၂-၈-၂၀၁၄

ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်း

ကမ်းသာယာရွာ မူလတန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

၁၈-၃-၂၀၁၄

ကလေးဗဟိုပြု ပညာရေးဟောပြောပွဲကို Main Sponsor အဖြစ် ပံ့ပိုးခြင်း

ကလေးဗဟိုပြု ပညာရေး (Child-Centered Education) ဟောပြောပွဲဖြစ်မြောက်ရေးအတွက် အဓိက Sponsor အဖြစ် ကူညီထောက်ပံ့ပေးခဲ့ပါသည်။

၉-၄-၂၀၂၀

COVID-19 ကပ်ရောဂါ ကာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့ခြင်း

ကပ်ရောဂါကာလအတွင်း ကုမ္ပဏီဝန်ထမ်းများနှင့် နေ့စားလုပ်သားများအား ဆန်၊ ဆီ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများ

မြိတ်မြို့ပေါ်ရပ်ကွက်များနှင့် တပ်နယ်စာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းအား ကုမ္ပဏီမှ ဦးစီး၍ ထောက်ပံ့လှူဒါန်းဆောင်ရွက်ခဲ့ပါသည်။

၁၄-၂-၂၀၁၆

မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီခြင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်က္ကာကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၂,၈၆၅,၀၀၀/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများနှင့် လှူဒါန်းငွေ (၃,၂၄၅,၀၀၀/-) တို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။

၂၀-၅-၂၀၂၃

မုန်တိုင်းသင့်ပြည်သူများကို ထောက်ပံ့ကူညီခြင်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ကြောင့်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ် သိန်းငါးရာ လှူဒါန်းခဲ့ပါသည်။


CSR ဂုဏ်ပြုမှတ်တမ်းလွှာများ