Company ၏ သမိုင်းကြောင်း
MFD အများပိုင်ကုမ္ပဏီ လီမိတက်သည် မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက် ရန်ဟူသော ခိုင်မာ သော ရည်ရွယ်ချက်ဖြင့်
" မြိတ်ဒေသ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးသည် ကျွန်ုပ်တို့ဒေသခံ ပြည်သူများ၏ တာဝန်ဖြစ်သည် "
ဟု ခံယူကာဒေသခံများမှ စတင်တည်ထောင်ခဲ့သော ဦးဆောင် လုပ်ငန်းစု တစ်ခု ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်တွင် Myeik Future Development Company (MFD) အမည်ဖြင့် စတင်အ ကောင်အထည်ဖော်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် မြိတ်ဒေသနေ ပြည်သူများ အားလုံး၏ အကျိုးစီးပွားကို ပိုမိုပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် Myeik Future Development Public Company Limited (MFD PCL) အဖြစ် အများပိုင် ကုမ္ပဏီလီမိတက် အသွင် သို့ တရားဝင် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် ခံယူချက်များ
MFD ၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် ခံယူချက်များသည် မြိတ်ဒေသကို ဗဟိုပြုကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဦးတည်ထားပါသည်။
ကုမ္ပဏီ၏ မျှော်မှန်းချက်
- ဒေသတွင်းစျေးကွက်ကို ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်စေရန်။
- ကုန်စည် ပို့ဆောင်ရေးကို စွမ်းဆောင်ရည်မြင့်မားပြီး ကုန်ကျစရိတ် သက်သာစွာ ဆောင်ရွက်ပေးရန်။
- မြိတ်ဒေသ၏ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်။
ကုမ္ပဏီ၏ ရည်ရွယ်ချက်
- မြိတ်ဒေသအတွက် လိုအပ်သော စီးပွားရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန်။
- မြိတ်ဒေသခံများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုရန်။
- အများပိုင် ကုမ္ပဏီအဖြစ် တည်ထောင်ကာ ဒေသနှင့် လူထုအခြေပြု ကုမ္ပဏီတစ်ခု ဖြစ်လာစေရန်။
လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်
MFD PCL ၏ အဓိကလုပ်ငန်းနယ်ပယ်မှာ မြေယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (Land Development) များဖြစ်ပြီး၊ ဒေသ၏ ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် အဓိက စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
- မြိတ် စီးပွားရေးဇုန် စီမံကိန်း
- စက်မှုလုပ်ငန်းမြေကွက်များ ဖော်ဆောင်ခြင်း
- ခေတ်မီ အိမ်ရာစီမံကိန်းများ
ဤစီမံကိန်းများ မှတစ်ဆင့် မြိတ်ဒေသ၏ စီးပွားရေးအခြေခံ အဆောက်အအုံများ ခိုင်မာလာစေရန် နှင့် ဒေသခံများအတွက် သင့်လျော်သော လူနေမှုပတ်ဝန်းကျင်များ ဖန်တီးပေးရန်တို့ကို အဓိကထား ဆောင်ရွက်ပါသည်။
ရင်းနှီးမြှုပ်နှံမှု အခြေအနေ
MFD အများပိုင်ကုမ္ပဏီလီမိတက် (MFD PCL) သည် ဒေသခံများ၏ ယုံကြည်မှုဖြင့် ခိုင်မာစွာ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ လက်ရှိအခြေအနေအရ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များမှာ၊ ထုတ်ဝေပြီး အစုရှယ်ယာတန်ဖိုး ၁၁,၃၃၂,၇၆၀,၀၀၀ ကျပ် ရှိပါသည်။ ကုမ္ပဏီမှ ရှယ်ယာတစ်စုတန်ဖိုးကို ၁၀,၀၀၀ ကျပ် ဖြင့် သတ်မှတ်ထုတ်ဝေထားရာ ရှယ်ယာအရေအတွက် စုစုပေါင်း ၁,၁၃၃,၂၇၆ စု ရှိပြီး၊ လက်ရှိတွင် အစုရှယ်ယာရှင် စုစုပေါင်း ၅၆၁ ဦး ဖြင့် ပါဝင်ဖွဲ့ စည်းထား ပါသည်။ ဤပွင့်လင်းမြင်သာသော ဘဏ္ဍာရေး ဖွဲ့စည်းပုံသည် ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုနှင့် ထိတွေ့ဆက်ဆံမှုကို ကိုယ်စားပြုပါသည်။